မီးဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်မှု

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် မီးသတ်ဦးစီးဌာန(အင်းစိန်)တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းကို (၉.၃.၂၀၂၂) ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသင်တန်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ရှိ ဌာနတစ်ခုလျှင် ဝန်ထမ်းတစ်ဦးစီ တက်ရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သင်ခန်းစာများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားခဲ့သည်။