သုတနည်းပညာဌာန

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ရှိ သုတနည်းပညာဌာနကို (၂၀၁၈)ခုနှစ်တွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ပုံမှန် အေဂျီတီအိုင် သင်တန်းများနှင့် သုတနည်းပညာဆိုင်ရာ ကာလတို သင်တန်းများ ကို ဖွင့်လှစ်သင်ကြားလျက် ရှိပါသည်။ ပုံမှန် အေဂျီတီအိုင် သင်တန်းများတွင် သုတနည်းပညာဆိုင်ရာ ဘာသာရပ်နယ်ပယ် ငါးခုကို လေ့လာသင်ယူနိုင်ပါသည်။ သုတနည်းပညာ ပထမနှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅၂)ဦး ၊ ဒုတိယနှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး ၊ စုစုပေါင်း (၈၆)ဦး  တက်ရောက် ပညာသင်ကြားနေပြီး ကာလတိုသင်တန်း အမှတ်စဉ် (၁၊ ၂၊ ၃၊၄) တို့ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ သုတနည်းပညာဌာနသည် ကျောင်းသား၊ ကျောင်းသူများ လိုအပ်သည့် ကျွမ်းကျင်မှု၊ အသိပညာနှင့် သဘောထားခံယူချက်များကို ရရှိစေရန်အတွက် ခေတ်မီဆန်းသစ်သော နည်းစနစ်နှင့် နည်းလမ်းများကို အသုံးပြု၍ ပြည့်ဝကောင်းမွန်သော ပညာရေးစနစ်ဖြစ်စေရန် ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။ သုတနည်းပညာဌာနကို ကျောင်းသား၊ ကျောင်းသူများအတွက် ပျော်ရွှင်တက်ကြွမှုရှိသည့် သင်ကြားသင်ယူမှု ပါတ်ဝန်းကျင်ကောင်း ဖြစ်စေရန် ဖန်တီးထားသည့် စာသင်ခန်း (၃)ခန်း၊ ကွန်ပျူတာကွန်ယက်ဆက်သွယ်မှုနှင့် အခြား လက်တွေ့သင်ခန်းစာများ ပြုလုပ်နိုင်သည့် လက်တွေ့ခန်း (၃)ခန်း တို့ဖြင့် ပါဝင် ဖွဲ့စည်းထားပါသည်။ ထို့အပြင် လုပ်ငန်းခွင်မှ လိုအပ်လျက်ရှိသည့် ကျွမ်းကျင်မှုများနှင့် အခြား အိုင်စီတီ ဆိုင်ရာ လိုအပ်သည့် ကျွမ်းကျင်မှုများကို ရရှိစေရန် အထောက်အကူဖြစ်စေမည့် သင်ထာက်ကူပစ္စည်းများကိုလည်း အစဉ် ဖြည့်တင်း ဆောင်ရွက်လျက် ရှိပါသည်။


သုတနည်းပညာဌာနရှိ ဆရာ/ဆရာမများ

တွဲဖက်ပါမောက္ခ ၁ ဦး၊ ကထိက ၂ ဦး၊ လက်ထောက်ကထိက ၂ ဦးနှင့် စက်မှုကျွမ်းကျင်(၄) ၂ဦး လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။


လှုပ်ရှားမှုများ

Presentatin တင်ပြခြင်း

(၂၂-၂၃ ဇွန်ဝင်ခွင့်)၊ ပထမနှစ် သုတနည်းပညာ ကျောင်းသား/သူများ၏ လက်တွေ့လုပ်ငန်းခွင် လေ့လာမှုဆိုင်ရာ အတွေ့အကြုံ ဌာနတွင်း ရှင်းလင်းတင်ပြခြင်းကို (၁၈.၅.၂၀၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။