လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

အစိုးရစက်မှုလက်မှုသိပ္ပံ အင်းစိန်၏ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနအား ၂၀၁၇ ခုနှစ်တွင်တည်ထောင်ခဲ့ပါသည်။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် ပုံမှန်သင်တန်း ၊ ကာလတို သင်တန်းများအား ဆရာ/ဆရာမ အင်အား ၁၁ ယောက်ဖြင့် ဖွင့်လှစ်သင်ကြားပေးနေပါသည်။ ပထမနှစ်သင်တန်းတွင် သင်တန်းသား၄၀ တက်ရောက်သင် ကြားလျက်ရှိပါသည်။ ကာလတိုသင်တန်းများကိုလည်း အပတ်စဥ် ၁ မှ ၅ အထိ ဖွင့်လှစ်သင် ကြားပြီးဖြစ်ပါသည်။ အစိုးရစက်မှုသိပ္ပံ အင်းစိန်၏ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနသည် ကျောင်းသားများ၏ ဖန်တီးမှုနှင့် တီထွင်မှု များအား ပိုမိုထောက်ပံ့ပေးနိုင်သော သင်ကြားနည်းစနစ်များ အသုံးပြု ၍သင် ကြားပေးလျှက်ရှိပါသည်။လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် လက်တွေ့ သင် ကြားနိုင်ရန် လျှပ်စစ်နှင့်ဆိုင်သောလက်တွေ့ခန်း ၊ အီလက်ထရောနစ်နှင့်ဆိုင်သောလက်တွေ့ခန်း၊ လျှပ်စစ်ဝါယာ သွယ်တန်း ခြင်းဘာသာရပ်အတွက် လက်တွေ့တပ်ဆင်လေ့ကျင့်နိုင်ရန် လက်တွေ့ခန်း၊ စက်ရုံသုံးစက်များ ထိန်းချုပ် ခြင်းနှင့်ဆိုင်သော ( PLC SIEMENS )သင် ကြားမှုအတွက် လက်တွေ့ခန်းများထားရှိပါသည်။ ကျွမ်းကျင်မှုနှင့် လက်တွေ့လုပ်ဆောင်နိုင်မှုကို တိုးတက်စေရန် သဘာဝစွမ်းအင်သုံး ( နေရောင် ခြည်စွမ်းအင် ) မှ လျှပ်စစ်ထုတ်လုပ်အသုံး ပြုထားရှိပြီး လက်တွေ့ သင်ကြားပေးပါသည်။

ဒီပလိုမာသင်တန်းကာလ

ဒီပလိုမာသင်တန်းကာလမှာ (၃) နှစ် (semester ၆ ပိုင်း )ကြာမြင့် မှာ ဖြစ်ပါသည်။  ပုံမှန်သင်ရိုးအ ပြင် ဌာနမှ ဖွင့်လှစ်သော ကာလတိုသင်တန်းများ( CBMSC ) ဖြစ်သော အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်း ခြင်းသင်တန်း၊ စက်ရုံသုံးစက်များထိန်းချုပ်ခြင်းနှင့်ဆိုင်သောသင်တန်း၊ မော်တာ rewinding သင်တန်းနှင့် LOGO 8 PLC သင်တန်းများကိုလည်းသင် ကြားပေးလျှက်ရှိပါသည်။


လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ဆရာ ဆရာမများ

Image

ဦးတင်မောင်လွင်
ဌာနမှူး
တွဲဖက်ပါမောက္ခ

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
Image

ဦးဘိုလင်း
ကထိက
Image

ဒေါ်လဲ့လဲ့ဖြိုး
ကထိက
Image

ဦးစိန်ဘိုဝင်း
လ/ထ ကထိက

ဒေါ်စီစီစိန်
လ/ထ ကထိက
Image

ဒေါ်အိအိမွန်
လက်ထောက်ကထိက
Image

ဒေါ် ဖြိုးဖြိုးဝေ
လက်ထောက်ကထိက
Image

ဒေါ်ခင်သစ္စာ
လက်ထောက်ကထိက
Image

ဒေါ် ပြုံးပြုံးအေး
လက်ထောက်ကထိက
Image

ဒေါ်အိမြတ်မွန်
လက်ထောက်ကထိက

Image

ဦးရဲနောင်ဖြိုး
သရုပ်ပြ
Image

ဦးဖြိုးမင်းသူ
သရုပ်ပြ
Image

ဒေါ်အေးချမ်းပြည့်
သရုပ်ပြ


Image

ဒေါ်လဲ့လဲ့ဝင်းဇော်
သရုပ်ပြ