စက်မှုအင်ဂျင်နီယာဌာန



စက်မှုအင်ဂျင်နီယာဌာနကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ( အင်းစိန်) ၌ စတင်ဖွဲ့စည်းခဲ့ပါသည်။  ၎င်းသည် G.T.I (အင်းစိန်) ၏ အဓိကဌာနကြီး ခြောက်ခုအနက်မှ တစ်ခုဖြစ်သည်။  အဆိုပါဌာနသည် ကျောင်းသားများအတွက် စွမ်းဆောင်ရည်မြင့်မားမှုအခြေခံသည့် သက်မွေးပညာဆိုင်ရာ ပညာရပ်များ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။  ဌာနတွင် အရည်အချင်းပြည့်မီပြီး အတွေ့အကြုံရှိသော သင်ကြားရေးဝန်ထမ်း များစွာရှိပါသည်။ လေ့ကျင့်သင်ကြားပေးခြင်းမှတစ်ဆင့်  သက်မွေးမှုလုပ်ငန်းဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ လက်တွေ့အသုံးချမှုများကို အလေးပေးသည့် သင်ကြားရေး လုပ်ငန်းစဉ်များကို ပြင်ဆင်ကြသည်။  ဌာနသည် သုံးနှစ် ဒီပလိုမာအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် ဌာနဖြစ်သည်။  2018-2019 ပညာသင်နှစ်တွင် နေ့စဥ်သင်တန်းနှင့် အရည်အသွေး တူညီသည့် ညနေခင်းသင်တန်းကို နေ့ခင်းဘက် အလုပ်လုပ်သည့် ကျောင်းသားများအတွက် ရုံးတက်ကျောင်းတက်ချိန်တွင် ညနေခင်းနှင့် ပိတ်ရက် ( စနေ၊ တနင်္ဂနွေ)တွင် နေ့ခင်းဘက်တက်လို့ရရန် ဖွင့်လှစ်ပေးထားပါသည်။ သမားရိုးကျသင်တန်းများအပြင် ဌာနမှ ကာလတိုသင်တန်းများလည်း မကြာခဏဖွင့်လှစ်ပေးလေ့ရှိပါသည်။  ဌာနသည် နေ့သင်တန်းနှင့် ညနေခင်းသင်တန်းအတွက် ပုံမှန် AGTI သင်တန်းများကို ဖွင့်လှစ်ထားပါသည်။  ဒါ့အပြင် ကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ်ပေးပါသည်။  ဤဌာနတွင် ဌာနခွဲကိုးခုနှင့် ကျောင်းသား တစ်ရာ့ဆယ်ရှိပါသည်။  ပထမနှစ် ကျောင်းသား ၄၁ ဦးနှင့် ဒုတိယနှစ် ကျောင်းသား ၃၃ ဦး တက်ရောက်ပါသည်။  အခြားကျောင်းသား ၃၆ ယောက်သည် ညနေခင်းသင်တန်း ပထမနှစ်တက်ရောက်လျက်ရှိပါသည်။ ကာလတိုသင်တန်းအတွက်  CNC Lathe(အပါတ်စဥ် ၁,၂)နှင့် CNC milling(အပါတ်စဥ် ၁)တို့ကို ဖွင့်လှစ်ပြီးဖြစ်သည်။

စက်မှုအင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

တွဲဖက်ပါမောက္ခ (၁) ဦး၊ ကထိက (၅) ဦး၊ လက်ထောက်ကထိက (၁) ဦးနှင့် နည်းပြ (၂) ဦး လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။