စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာန

စက်မှုလုပ်ငန်း အင်ဂျင်နီယာ ဌာန သည် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်ပြန်လည် ဖွင့်လှစ်ခဲ့သည့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် ဌာန ခြောက်ခု ရှိသည့် အနက် မှ တစ်ခု ဖြစ်သည်။ GTI(အင်းစိန်) ပြန်လည် ဖွင့်လှစ်ခြင်း မပြုမီDTVET  မှ စက်မှုလုပ်ငန်းဌာန ကို ဖွင့်လှစ်ရန်စီစဉ် ခဲ့ခြင်းကြောင့် ဆရာ/မ အချို့ ရန်ကုန် နှင့် မန္တလေး ရှိ စက်မှုလုပ်ငန်းများတွင် လာရောက် လေ့လာခဲ့ကြသည်။ စက်မှုလုပ်ငန်းများဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် စက်မှုလုပ်ငန်းအတွက် လိုအပ်သော သင်ရိုးညွှန်းတမ်းများကို IEဌာနမှ ပြင်ဆင်ခဲ့ပါသည်။ ထို့ကြောင့် စက်မှုလုပ်ငန်း အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်းကို အမျိုးသားပညာရေးမူဝါဒကောင်စီ (NEPC) မှ အတည်ပြုခဲ့ပါသည်။ IE ဌာနသည် သုံးနှစ် A.G.T.I  ဒီပလိုမာသင်တန်း နှင့် ကာလတိုသင်တန်းများလည်း ဖွင့်လှစ်ခဲ့သည်။ သင်ကြား‌ရေးနှင့် သင်ကြားရေးဆိုင်ရာ ဘာသာရပ် (၆) ခု ရှိသည်။

စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာနရှိ ဆရာ/ဆရာမများ

စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာနတွင် ကထိက (၅) ဦး၊ လက်ထောက်ကထိက (၃) ဦး လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

Industrial Training (မေ၊ ၂၀၂၃)

အားကစားလှုပ်ရှားမှု (ဩဂုတ်လ၊ ၂၀၂၃)

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာနရှိ ကျောင်းသား/သူများ၏ အားကစားပြိုင်ပွဲများတွင် အသုံးပြုရန် Oak Aww Electronics မှ ငွေကျပ် ၅၀၀၀၀၀/- (ကျပ်ငါးသိန်းတိတိ)ကို ပါဝင်အားဖြည့် လှူဒါန်းကူညီမှုအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။