ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းဌာန(IBPD Centre)



ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာန၏ အမှတ်တံဆိပ်

နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်တွင်  အဖွဲ့အစည်းအခြေပြု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဌာန (IBPD) သည် ကျောင်းအခြေပြု သင်တန်းဌာနတစ်ခု အဖြစ်တည်ရှိပြီး ဆရာ၊မများသည် စွမ်းဆောင်ရည်မြှင့်တင်မှု လှုပ်ရှားမှုများတွင် ပါ၀င်နိုင်သည်။ စွမ်းဆောင်ရည်မြှင့်တင်မှု အရင်းအမြစ်များနှင့် ၀န်ဆောင်မှုများကိုရယူနိုင်ပြီး၊ ၎င်း တို့၏သင်ကြားမှုထိရောက်မှုကို မြှင့်တင်ပေးမည့် စွမ်းဆောင်ရည်မြှင့်တင်မှု လှုပ်ရှားမှုများတွင်လည်းပါ ၀င်နိုင်သည်။ ဤအချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း IBPD စင်တာ ၁၀ ကျောင်း အား အစိုးရနည်းပညာအထက်တန်းကျောင်း ၅ ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၅ကျောင်း တွင်စတင်ဖွင့်လှစ်ခဲ့သည်။ IBPD စင်တာ (GTI.Insein) တွင်၎င်းတို့ထဲမှတစ်ခုပါဝင်သည်။

ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာန(အစိုးရစက်မှုလက်မှုသိပ္ပံ-အင်းစိန်)

မျှော်မှန်းချက်

  • TVET ကဏ္ဍရှိ ဆရာ၊မများ၏ သက်ဆိုင်ရာနယ်ပယ်အလိုက် သင်ကြား၊သင်ယူမှု အရည်အသွေးများ အကျိုးရှိရှိ စနစ်တကျ ပိုမိုတိုးတက်ကောင်းမွန်စေရမည်။

ဆောင်ရွက်ချက်

  • ကျောင်းသားဗဟိုပြု၊ အရည်အချင်းကိုအခြေခံသည့် ပညာရေးနှင့်လေ့ကျင့်သင်ကြားမှုကို အဓိကထားသည့် သင်ကြားရေးနှင့် လက်တွေ့ကျွမ်းကျင်မှုလေ့ကျင့်ခြင်း၊ ပြုပြင်ခြင်းဆိုင်ရာ သင်တန်း အစီအစဉ်များဖြင့်ကျောင်းတွင်း ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများမှ တစ်ဆင့် ဆရာ၊မများအား စနစ်တကျ လေ့ကျင့်သင်ကြားခြင်း။
  • ဒေသဆိုင်ရာပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ဆက်သွယ်မှုများရရှိရန်ပလက်ဖောင်းတစ်ခုအားဖန်တီးပေးခြင်း။

IBPD Centre ၏ဖွဲ့စည်းပုံ

-IBPD Centre တွင်ကျောင်း၏ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အတွက် ဆောင်ရွက်ရန် တာဝန်ရှိသူနှစ် ဦး ရှိပါသည်။ ၎င်းတို့သည် (HOPD) ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများဦးစီး‌ဆောင်ရွက်ရသူ (၁) နှင့် (၂) တို့ဖြစ်ပါသည်။ ယခုလက်ရှိတွင် ဒေါ်မြင့်မြင့်သူ (မြို့ပြအင်ဂျင်နီယာဌာန) နှင့်ဒေါ်အိအိခင် (အီလက်ထရောနစ်အင်ဂျင်နီယာဌာန) တို့သည် HOPD 1 နှင့် HOPD 2 အနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၏ ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာနတွင် တာ၀န်ယူ ဆောင်ရွက်နေသူများဖြစ်သည်။

IBPD Centre ၏စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလုပ်ငန်းလှုပ်ရှားမှုများ

(၁) ကျောင်းတွင်းဆောင်ရွက်မှုများ

  • ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဌာန (IBPD Centre) သည် ကျောင်းရှိဆရာ၊မများ၏ အရည်အသွေးမြှင့်တင်သည့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ဟု ရည်ရွယ်ထားသည့်အတိုင်း ဖော်ပြပါ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို စတင် ဖွင့်လှစ်သည့်၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းဆောင်ရွက်ခဲ့ပါသည်။


အလုပ်ရုံဆွေးနွေးပွဲ (တောင်ဒဂုံစက်မှုဇုံ-၂)


(၂)ဆရာ၊မ အသစ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းများ -နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းခွင်သို့ အသစ်ဝင်‌ရောက် လာသော ဆရာ၊မများ အတွက်ပြုလုပ်သော လုပ်ငန်းခွင် အကြိုသင်တန်းများတွင် လည်း သင်ကြားနည်းပညာသင်တန်း (Pedagogy Training ) နှင့် ဘဝတွက်တာသင်တန်း (Life Skill Training) သင်တန်းနည်းပြများ အနေဖြင့်ဆောင်ရွက်ခဲ့ကြပါသည်။



ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာနသည်

ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်တင်မှု   လုပ်ငန်းများ ဆက်လက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အသစ်ခန့်ဆရာ/ ဆရာမများ၏ လိုအပ်သောသင်ကြားမှုနှင့် စွမ်းဆောင်ရည် မြှင့်တင်မှု အရည်အသွေး ပြည့်ဝစေရေးလုပ်ငန်းများအား စီစဉ် ဆောင်ရွက်ပေးခြင်း၊ ဒေသတွင်း ရှိ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍လုပ်ငန်းခွင်လိုအပ်ချက်နှင့်ကိုက်ညီပြီး၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၏ လက်တွေ့အသုံးချမှု အရည်အသွေးမြှင့်တင်နိုင်မည့် ပူးပေါင်း  ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ရန် ထားရှိသည့်အတိုင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။