ကျောင်း၏နောက်ခံသမိုင်း

အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက် ဘက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်းသမိုင်းအကျဉ်း

   အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက် ဘက် တွင် စတင်ဖွင့်လှစ်ခဲ့သည်   ၁၈၉၈ ခုနှစ်တွင် အဆိုပါ နေရာမှ အင်းစိန်ဘူတာ အရှေ့ဘက်သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပြီး ထိုစဉ်က Government School of Engineering  ဟု ခေါ်ဆိုခဲ့သည်။   ၁၉၀၈ ခုနှစ်တွင် အင်းစိန် ရွာမ ရှိ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School ဟု ခေါ်ဆိုခဲ့ပါသည်။ ၎င်းနေရာသို့ မပြောင်းရွှေ့မီကပင် Main Building မှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။    ၁၉၁၂ ခုနှစ်မှစ၍ ယနေ့ထိ Government Technical Institute (GTI) ဟုပြောင်းလဲ ခေါ်ဆိုခဲ့ပါသည်။  ၁၉၉၅-၁၉၉၆ ခုနှစ်ဒုတိယနှစ်သင်တန်းများအား သန်လျင် GTI သို့ပြောင်းရွှေ့ သင်ကြား ခဲ့ကြရသည် ဟု မှတ်တမ်းများအရ သိရှိရပါသည်။    ၂၀၀၇ ခုနှစ်တွင် YCDC သို့လွှဲပြောင်းပေးခဲ့ရပြီး (၉.၉.၂၀၁၆) ရက်နေ့တွင် YCDC ထံမှ ပညာရေးဝန်ကြီး ဌာန လက်အောက်သို့ ပြန်လည်လွှဲပြောင်းယူခဲ့ပြီး (၁.၁၂.၂၀၁၇)ရက်နေ့တွင် ပထမနှစ် သင်တန်းများအား ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)သည် ၄၁.၉၉၇ ဧက ကျယ်ဝန်းပြီး ရန်ကုန်တိုင်း ဒေသ ကြီး အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက် တွင်တည်ရှိပါသည်။ အရှေ့ဘက်တွင် သီရိလမ်းသွယ် ၊ အနောက်ဘက်တွင် အောက်မင်္ဂလာဒုံလမ်းမကြီး နှင့် ရွာမရဲစခန်း ၊ မြောက်ဘက်တွင်  အထည်ချုပ် စက်ရုံ၊ စွပ်ကျယ်စက်ရုံ နှင့်တောင်ဘက်တွင် မင်းကြီးလမ်း နှင့် ဘိုကုန်းစျေး ရှိပါသည်။

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ

    အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ လစဉ်ပညာသင်ထောက်ပံ့ကြေးအား ကျောင်းသား(၁) ဦးလျှင် (၁)လ (၃၀၀၀၀ကျပ်) ထောက်ပံ့ ပေးပါသည်။ ပညာသင်ယူ နေစဉ်အတွင်း လက်တွေ့ ကျွမ်းကျင် မှု လုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာ သင်တန်းအလိုက် ပုဂ္ဂလိကလုပ်ငန်း အချို့တွင် ဝင်ရောက် လေ့လာ သင်ယူ နိုင်စေရေး အတွက်လည်း ဆောင်ရွက် ပေးပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ

ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်‌ပေးပါသည်။