အီလက်ထရောနစ်အင်ဂျင်နီယာ

Electronic Engineering

အီလက်ထရောနစ်အင်ဂျင်နီယာ

အီလက်ထရောနစ်အင်ဂျင်နီယာဌာနကို အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် ၂၀၁၇ ခုနှစ်၌ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ AGTI . Diploma သင်တန်း ဖြစ်သည်နှင့် အညီ နှစ်အလိုက် ပထမနှစ်၊ ဒုတိယနှစ် နှင့် တတိယနှစ် သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ သင်တန်းနှစ်အလိုက် ကျောင်းသားဦးရေမှာ ပျမ်းမျှအားဖြင့် ၄၀ ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပါသည်။ ဌာနရှိ ဆရာ၊မများမှလည်း တက်ရောက်နေသော ကျောင်းသားများ၏ သင်ကြား၊သင်ယူမှု လုပ်ငန်းများကိုစာတွေ့သာမက လက်တွေ့ပိုင်းအတွက်လည်း ဌာနရှိ ခေတ်မှီ သင်ထောက်ကူပစ္စည်းများအသုံးပြု၍ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးလျက်ရှိပါသည်။

Total duration of the subject

( 90 -Week) (3150- hour)

Programme duration details

Electronic-Years

No. Year Subjects Code Hours
1A.G.T.I(Year I) Myanmar M-11011,12011 30 hrs
English E-11011,12011 90 hrs
Engineering Mathematics EM-11011,12011 90 hrs
Engineering Science ES-11011-12011 120 hrs
Engineering Mechanics ME-11015,12015 90 hrs
Basic Technical Drawing ME-110111,12011 180 hrs
Circuit Analysis EcE-11011,12011 120 hrs
Digital Electronics EcE-11022,12022 150 hrs
Electronics Laboratory EcE-11016,12016 90 hrs
Electrical Laboratory EcE-11026,12026 90 hrs
No. Year Subjects Code Hours
2 A.G.T.I(Year II) English EcE-21011,22011 90 hrs
Engineering Mathematics EM-21021,22021 90 hrs
Analog Electronics EcE-21021,22021 180 hrs
Electronic Communication Systems EcE-21012,22012 180 hrs
Computer & Programming EcE-21014,22014 150 hrs
Electrical Machines EP-21043,22043 120 hrs
Electronics Laboratory EcE-21016,22016 120 hrs
Electrical Laboratory EcE-21026,22026 120 hrs
No. Year Subjects Code Hours
3 A.G.T.I(Year III) English E-31011,32011 90 hrs
Applied Electronics EcE-31031,32031 180 hrs
Electronic Communication Systems EcE-31012,32012 120 hrs
Industrial Electronics and Control EcE-31051,32051 150 hrs
Data Communication and Networking EcE-31022,32022 90 hrs
Microprocessor Technology EcE-31013,32013 90 hrs
Electronics Laboratory EcE-31016,32016 120 hrs
Communication Laboratory EcE-31036,32036 90 hrs
Control Laboratory EcE-31046,32046 120 hrs
Total3150 hrs

‌အီလက်ထရွန်နစ် ဌာန၏ မျှော်မှန်းချက်

၁။ အင်ဂျင်နီယာ အထောက်အကူပြုသည့် သင်္ချာနှင့်သိပ္ပံ ဘာသာရပ်များဖြင့် အီလက်ထရောနစ် နယ်ပယ်ရှိ အခက်အခဲ ပြဿနာများကို သတ်မှတ်ခြင်း ခွဲခြမ်းစိတ်ဖြာခြင်း ဖြေရှင်းခြင်း တို့ကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်

၂။ အီလက်ထရောနစ်စနစ်၏ ဒီဇိုင်း၊ ခွဲခြမ်းစိတ်ဖြာမှု နှင့်လည်ပတ်မှုတို့ တွင် သက်ဆိုင်ရာ စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော  စာတွေ့လက်တွေ့ ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးရန်

၃။ ကျောင်းသား၊ကျောင်းသူများကို နေ့စဉ်ရင်ဆိုင်နေရသည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် တီထွင်ဆန်းသစ်သော အတွေးအခေါ်များ၊ ဆော့ဖ်ဝဲနှင့်ဟာ့ဒ်ဝဲ ဒီဇိုင်း များ ပေါ်ထွက်လာစေရေး အတွက် လှုံ့ဆော်ပေးရန်

၄။ ကျောင်းသား၊ကျောင်းသူများကို ဘဝ တသက်တာ လေ့လာနိုင်ရန် အတွက် အကျိုးရှိ ထိရောက်သော ပြောဆိုဆက်ဆံရေး ကျွမ်းကျင်မှု၊နည်းပညာဆိုင်ရာ သင်တန်းများနှင့် စွမ်ဆောင်ရည် မြှင့်တင်မှုတို့ကို တည်ဆောက်ပေးခြင်း


စစ်ဆေး အကဲဖြတ်ခြင်း

ကျောင်းသား၊ကျောင်းသူများကို စစ်ဆေး အကဲဖြတ်ခြင်းကို တစ်နှစ်လျင် (၂)ကြိမ်  စစ်ဆေးခြင်း ပြုလုပ်သည်။

  • လက်တွေ့လုပ်ဆောင်ခြင်း – ၆၀ရာခိုင်နှုန်း
  • သီအိုရီအတွက် စာမေးပွဲစစ်ဆေးခြင်း- ၄၀ ရာခိုင်နှုန်း


လက်တွေ့လုပ်ဆောင်ခြင်း

ကျောင်းသား၊ကျောင်းသူများသည် သင်တန်းကာလအတွင်း လက်တွေ့ကျသောအလုပ်များကို ဆက်တိုက်အောင်မြင် ပြီးမြောက်အောင် လုပ်ဆောင်ရမည်။

အကဲဖြတ်သူသည် ကျောင်းသား၊ကျောင်းသူများ ပြုလုပ်ထားသော လက်တွေ့ဆောင်ရွက်ချက်များ ကို စုဆောင်းပြီး အကဲဖြတ် အမှတ် ပေး၍ သိမ်းဆည်းထားရမည်


သီအိုရီအတွက် စာမေးပွဲစစ်ဆေးခြင်း

 ကျောင်းသားကျောင်းသူများသည်သီအိုရီဆိုင်ရာစာမေးပွဲများကိုစာသင်နှစ်အကုန်တွင်အောင်မြင်ရမည်။


စာမေးပွဲ အောင်မြင်ခြင်း နှင့်အရည်အချင်းအခြေအနေများ

အင်ဂျင်နီယာဘာသာရပ်များအတွက်အမှတ် (၅၀) နှင့်ပညာရေးဆိုင်ရာဘာသာရပ်များအတွက်အမှတ် (၄၀) ရလျင် စာမေးပွဲအောင်မြင်၍ အရည်အချင်းအမှတ် (အနည်းဆုံး) – (65) အမှတ် ရရှိလျင် တဆင့်မြင့် ပညာသို့ တက်ရောက်နိုင်သည်။


‌အီလက်ထရွန်နစ် ဌာန၏ မျှော်မှန်း ရလဒ်

၁။ရှုပ်ထွေးသောအီလက်ထရောနစ်နှင့်ဆက်သွယ်ရေးအင်ဂျင်နီယာဆိုင်ရာအခက်အခဲ ပြဿနာများ ကို ဖြေရှင်းရာတွင်အင်ဂျင်နီယာ အထောက်အကူပြု သိပ္ပံ နှင့် သင်္ချာ ဘာသာရပ်များ ကို အသုံးချနိုင်ခြင်း။

၂။လက်တွေ့ကျသောကမ္ဘာတွင်လက်တွေ့ကျကျ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် အသုံးသည့် အီလက်ထရောနစ်စနစ်များ ကို ဒီဇိုင်းရေးဆွဲနိုင်ခြင်း

၃။ လက်တွေ့ လုပ်ငန်းခွင် နယ်ပယ်တွင် အင်ဂျင်နီယာနည်းပညာအတွက် လိုအပ်သောနည်းစနစ်များ၊ ကျွမ်းကျင်မှုများနှင့် ခေတ်မီအင်ဂျင်နီယာ ကိရိယာများကို အသုံးပြုချနိုင်ခြင်း

၄။ အီလက်ထရွန်းနစ်နှင့်ဆက်သွယ်ရေး နည်းပညာဖြင့် သက်မွေးကြောင်းပြုသော လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် လိုအပ်သည့် software နှင့် hardware များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း


‌အီလက်ထရွန်နစ် ဌာနတွင် သင်ကြားသော ဘာသာများ၏ မျှော်မှန်းရလဒ် 

စဉ် ဘာသာရပ်  မျှော်မှန်းရလဒ် 
Circuit Analysis ပတ်လမ်းတစ်ခု၏ စွမ်းဆောင်ရည် လုပ်ဆောင်နိုင်မှုကို ဖော်ပြသော ညီမျှခြင်းများကို စနစ်တကျ တွက်ချက်ရယူနိုင်ခြင်း Mesh, Nodal Analysis, Superposition, Thevenin, Norton, နှင့် Maximum power transfer စသော နိယာမ၊စည်းမျဉ်းများ၏  အသုံးချမှုများကို နားလည်ခြင်း Sinusoidal waveform ကို နားလည်နိုင်ခြင်း Sinusoidal and non-sinusoidal AC ပတ်လမ်းများကို ဖော်ပြနိုင်ခြင်း RLC ပတ်လမ်းများ phasor ပုံစံများကို ဆွဲနိုင်ခြင်း Capacitance, inductance နှင့် Admittance တို့ကို နားလည်နိုင်ခြင်း Complex Number များကို rectangular နှင့် Polar များပြောင်းလဲ အသုံးပြုနိုင်မှု့ကို နားလည်ခြင်း
Digital Electronics Binary Number စနစ်ကိုနားလည်ခြင်း၊ ကိန်းဂဏန်းစနစ်များ ပြောင်းလဲခြင်း၊ ဂဏန်းပုစ္ဆာများအလုပ်လုပ်​ဆောင်ပုံ တို့ကို နားလည်​စေခြင်းဒီဂျစ်တယ် အီလက်ထ​ရောနစ်ပစ္စည်းဖြစ်သည့် IC  အလုပ်လုပ်ပုံကို အချက်အလက်များနှင့်တကွ နားလည်​စေခြင်းဒီဂျစ်တယ် နည်းများဖြင့်​ပေါင်းစပ်ထား​သော လျှပ်စီးပတ်လမ်း အလုပ်လုပ်​ဆောင်ပုံနှင့် စီစဥ်တကျ ပုံများနှင့်တကွ ​ဖော်ပြထား​သော လျှပ်စီးပတ်လမ်းများကို နားလည်စေခြင်းmultivibrator လျှပ်စီးပတ်လမ်း စနစ်တကျ အလုပ်လုပ်​ဆောင်ခြင်းနှင့် လုပ်ငန်းတာဝန်များကို သိမြင်​စေခြင်းစီစဥ်တကျဖြစ်​သော ဒီဂျစ်တယ် လျှပ်စီးပတ်လမ်းများကို timing chart များဖြင့်​ရေးဆွဲခြင်းShift registers နှင့် Memory များ အလုပ်လုပ်​ဆောင်ပုံကို သိမြင်​စေခြင်း
Analog Electronics BJT, FET, MOSFET နှင့် Operational Amplifier တို့၏အခြေခံဗဟုသုတများကိုသိရှိစေရန်။ P-N junction, BJT, FET, MOSFETနှင့် Operational Amplifier တို့၏အခြေခံ တည်ဆောက်ပုံ၊ စည်းမျဉ်းစည်းကမ်းများကိုနားလည်သဘောပေါက်စေရန်။Current, Voltage နှင့် Power Dissipationများကိုတွက်ချက်တတ်စေရန်။Diodes, BJT, FET, MOSFET တို့၏ characteristics curves များကိုရေးဆွဲတတ်စေရန်။Analog Electronics Circuitsများနှင့်Components များကိုလက်တွေ့အသုံးချတတ်စေရန်။
Electronic Communication Systems ဆက်သွယ်ရေးနည်းစနစ် (Communication System) ၏ လုပ်ငန်း အဆင့်အဆင့်နှင့် ဆူညံသံများမှ ဆက်သွယ်ရေးအခြေအနေများအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိကြောင်း နာလည်းခြင်းAmplitude modulation ပုံစံ အမျိုးမျိုးကို ၎င်းတို့ ကောင်းကျိုး၊ ဆိုးကျိုးနှင့် အသုံးဝင်ပုံတို့ အရ           ခွဲခြားခြင်းFM လှိုင်း ဖန်တီးခြင်း၊ ဖမ်းယူခြင်းတို့ကို လေ့လာသုံးသပ်ခြင်းနှင့် Amplitude modulation နှင့် Angle           Modulation တို့ကို နှိုင်းယှဉ်ကြည့်ခြင်းအသံလှိုင်းဖမ်းယူစနစ် Circuit အမျိုးမျိုးနှင့် AGC ၏ အခန်းကဏ္ဍကို ဖော်ထုတ်ပြသခြင်းAnalogue signal တစ်ခုနှင့် ပျက်ယွမ်းမှုမရှိ ပြန်လည်ဖမ်းယူရရှိသော Original signal ကို နမူနာယူ           ပြခြင်းအသုံးပြုမှုအမျိုးမျိုးတွက် Pulse Modulation၊ Demodulation နည်းစနစ်အမျိုးမျိုး နှင့် signal           multiplexing တို့ကို ခွဲခြမ်း စိတ်ဖြာ ကြည့် ခြင်း
Computer & Programming နယ်ပယ်များတွင် နားလည်နိုင်ခြင်း ကျောင်းသား/ကျောင်းသူများ၏ problem များ၏ ဖြေရှင်းနိုင်ခြင်း စွမ်းရည်နှင့် ခွဲခြမ်းစိတ်ဖြာခြင်း ကို တိုးတက်လာစေပြီး C programming ရေးသော program များတွင် တူညီစွာ ကြိုးစားအားထုတ်နိုင်ခြင်း C language အသုံးပြု၍ အမျိုးမျိုးသော ဖြေရှင်းနည်းများကို ရေးသားနိုင်ခြင်း
Applied Electronics Electronic componentsများ device များကိုအသုံးပြု၍ analog circuitများကိုယ်တိုင်တည်ဆောက်နိုင်ရန်နှင့်အလုပ်လုပ်ပုံများကိုကောင်းစွာနားလည်သဘောပေါက်နိုင်ရန်Analog circuit အမျိုးမျိုး တို့ကို ကိုယ်တိုင်ရေးဆွဲ တည်ဆောက် နိုင်ပြီး စာတွေ့ နှင့်လက်တွေ့ကို နှိုင်းယှဥ်၍ မှန်ကန်သော ရလဒ်များ ရရှိအောင်ပြုလုပ်နိုင်ရန်
Electronic Communication Systems Error rate နှင့် spectrum efficiency တို့အားဖြင့် baseband and pass band digital ဆက်သွယ်ရေး           စနစ်တို့၏ စွမ်ဆောင်ရည်ကို လေ့လာ သုံးသပ်ခြင်းdigital ဆက်သွယ်ရေး စနစ်တို့တွင် signal တစ်ခုကို time domain   နှင့် frequency domain တို့တွင်           လေ့လာသုံးသပ်ခြင်းSpread spectrum communication system တို့၏ စွမ်းဆောင်ရည်ကို လေ့လာသုံးသပ်ခြင်း
Industrial Electronics and Control PLC ၏ အဓိကအစိတ်အပိုင်းများကိုခွဲခြားနိုင်ပြီး ၎င်း၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြနိုင်မည်။PLC စနစ်တွင်အသုံးပြုသော hardware အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်ကိုစာရင်းပြုစုနိုင်မည်။Sensors နှင့် Actuators အမျိုးအစား များကို ကောင်းမွန်စွာ ခွဲခြားနိုင်မည်။Timer နှင့် ပတ်သက်သော Program များကို ရေးသားနိုင်မည်။ လုပ်ဆောင်မည့် လုပ်ငန်းစဉ် များကို Flow Chart အဖြစ် ရေးသား ပြီးနောက် Ladder Logic Program သို့ပြောင်းလဲ ရေးသားနိုင်မည်။ Memory၏ သဘောတရား ကိုနားလည်ပြီး address များကို memory ပေါ်တွင်မှန်ကန်စွာ နေရာ သတ်မှတ် နိုင်မည်။Basic functions များကို အသုံး ပြု၍ PLC Program များကို ကောင်းစွာ ရေးသား နိုင်မည်။Special functions များကို အသုံးပြု၍ PLC Program များကို ကောင်းစွာရေးသား နိုင်မည်။Programming Languages များထဲ မှ Ladder logic function နှင့် Block function များကို အသုံးပြု ၍ PLC Program များကို မှန်ကန်စွာ ရေးသား နိုင်မည်။ လုပ်ဆောင်မည့် လုပ်ငန်းစဉ် များကို သုံးသပ်ပြီး မှန်ကန် သင့်လျော် သော Function များကို ရွေးချယ် အသုံး ပြု၍ PLC Program များကိုရေးသား နိုင်မည်။
Data Communication and Networking Describe the components of data communication system. WANတည်ဆောက်ရာတွင်သတိပြုလိုက်နာရန် လိုအပ် သော အချက်များ သိရှိစေရန်။ Routerစနစ်ကိုစနစ်တကျ တည်ဆောက် နိုင်စေရန်။ Internet Protocol များအကြောင်းကို အသေးစိတ်သိရှိစေရန်။ Data ပေးပို့ရယူခြင်းတို့၏ နောက်ကွယ်မှအခြေခံစည်းစနစ် များအကြောင်းကိုသိရှိစေရန်။ Internet အသုံးပြုပုံများအကြောင်းကိုသိရှိစေရန်။ Internet Protocol များအကြောင်းကိုနားလည်စေရန် Bluetooth and Wireless Network များဆက်သွယ်မှု အကြောင်းကို နားလည်သိရှိစေရန်။
၁၀ Microprocessor Technology ရိုးရှင်းသော မှတ်ဉာဏ်စနစ် (memory schema) ကိုရေးဆွဲနိုင်ပြီး၊ microcomputer system ၏ မှတ်ဉာဏ် (memory) အကြောင်းကို ရှင်းပြနိုင်စေခြင်း။CPU ၏ တည်ဆောက်ပုံကို နားလည်စေခြင်း၊ registers နှင့် bus systems များအကြောင်းကို သိရှိစေခြင်း။Microcontroller ဆိုတာ processor ၊ I/O ၊ timer ADC/DAC နှင့် တစ်ခြားသော communication unit များဖြင့် တပ်ဆင်တည်ဆောက်ထားသော integrated construction တစ်ခုသာြဖစ်ကြောင်းကို နားလည်သဘောပေါက်စေခြင်း။စက်မှုနှင့်သက်ဆိုင်သော applications များနှင့် ပရိုဂရမ်လော့ဂျစ် (programming logic)များတို့တွင် အသုံးပြုသော Microprocessors နှင့် microcontroller controlling unit နှစ်မျိုး အကြောင်းကို ကောင်းစွာသိရှိစေခြင်း။