သုတနည်းပညာ

သုတနည်းပညာ အင်ဂျင်နီယာ ဒီပလိုမာသင်တန်း

သုတနည်းပညာဘာသာရပ်သည် ကွန်ပျူတာများအသုံးပြု၍ စီးပွားရေးလုပ်ငန်းများနှင့် အင်တာ ပရိုက်စ်များ၏ ဒေတာများနှင့် သတင်းအချက်အလက်များကို သိမ်းဆည်းခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စီမံတွက်ချက်ခြင်းများနှင့် သက်ဆိုင်သည့် အင်ဂျင်နီယာ ဘာသာရပ် ဖြစ်သည်။ သုတနည်းပညာဘာသာရပ်ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာ ဘာသာရပ်၏ ဘာသာရပ်ခွဲ (၁)ခု အဖြစ် သတ်မှတ်ထားသည်။

သုတနည်းပညာ အင်ဂျင်နီယာ ဒီပလိုမာသင်တန်း၏ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်တွင် သင်ကြားရေးကာလ အပိုင်းအခြား (၂)ခုစီ ခွဲခြား သတ်မှတ်ထားသဖြင့် စုစုပေါင်း သင်ကြားရေးကာလ အပိုင်းအခြား (၆)ခု ပါဝင်သည်။ သုတနည်းပညာအင်ဂျင်နီယာဌာနတွင် ပုံမှန်သင်တန်းများအပြင် ကာလတို ကွန်ပျူတာအခြေခံသင်တန်းများကိုလည်း သင်တန်းကြေး အခမဲ့ ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ ပုံမှန်သင်တန်းများနှင့် ကာလတိုသင်တန်းများ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၏ ကျောင်းသားရေးရာဌာနသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

သုတနည်းပညာ အင်ဂျင်နီယာ ဒီပလိုမာသင်တန်း ပထမနှစ်တွင် အခြေခံ အီလက်ထရောနစ်ပညာရပ်နှင့် ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းပညာရပ်များ သင်ကြားရပါမည်။ ဒုတိယနှစ်တွင် ကွန်ပျူတာ ပရိုဂရမ် ရေးသားခြင်း၊ ကွန်ပျူတာကွန်ယက်ဆက်သွယ်ခြင်းနှင့် ဝက်ဘ်ဆိုက်တည်ဆောက်ခြင်းဆိုင်ရာ အခြေခံဘာသာရပ်များ သင်ကြားရပြီး ပရောဂျက်တည်ဆောက် တင်ပြရပါမည်။ တတိယနှစ်တွင် ဒုတိယနှစ် ဘာသာရပ်များ၏ အဆင့်မြင့် သင်ခန်းစာများကို သင်ကြားပေးပြီး စာသင်နှစ်ပြီးဆုံးပါက အေဂျီတီအိုင် ဒီပလိုမာ ရရှိရန် လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်း (၃)လ ပြီးမြောက်ရပါမည်။


Subjects in Information Technology Course

No.YearSubjectCode
1A.G.T.I(Year I)Myanmar
Ma11011
English E-11011
Mathematics
M-11011
Engineering Science ES-11011
Engineering Mechanics
ME-11015
Basic Technical DrawingME-11011
Computer Technology
IT-11011
Analog and Digital Electronics IT-11012
No.YearSubjectCode
2A.G.T.I (Year II)English
E-21011
Mathematics
M-21011
Programming in C++
IT-21011
Network Fundamentals / Networking Essentials
IT-21012
Web Design
IT-21013
Project
No.YearSubjectCode
3A.G.T.I (Year III)English
E-31011
Programming with C#
IT-31011
Computer Networking
IT-31012
Web Development Technology
IT-31013
Industrial Training

IT ဌာန တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကာလတို သင်တန်းများ

၁။ အခြေခံ ကွန်ပျူတာ သင်တန်း (၆ ပတ်)

၂။ အိုင်စီတီ နှင့် ဘဝတွက်တာ ကျွမ်းကျင်မှု သင်တန်း (၄ ပတ်) (ဆင့်ပွား)

Sr.No Training Name Start Date End Date
1Basic Computer Training Batch (1)2.7.2018 31.8.2018
2Basic Computer Training Batch (2) 7.1.2019 15.2.2019
3Basic Computer Training Batch (3) 6.5.2019 7.6.2019
4Basic Computer Training Batch (4)
23.12.2019 31.1.2020

သင်တန်းဖွဲ့စည်းပုံ

သုတနည်းပညာ အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကို ပရိုဂရမ်ရေးသားနည်းများ (C++, C#)၊ ကွန်ပျူတာကွန်ယက်ချိတ်ဆက်ခြင်းနှင့် ဝက်ဘ်ဆိုက်ဖန်တီးတည်ဆောက်မှုဆိုင်ရာနည်းပညာများ (HTML, CSS, JavaScript, Bootstrap, PHP, database) အပေါ်တွင် အခြေခံ၍ သင်ရိုးရေးဆွဲ ထားပါသည်။

စာသင်ချိန် 

တစ်ပတ် လျှင် ၃၅ နာရီ၊ တစ်နှစ် လျှင် ရက်သတ္တပတ် (၃၀)

စစ်ဆေးအကဲဖြတ်သည့်နည်းလမ်းများ

  • လက်တွေ့လုပ်ဆောင်မှု အကဲဖြတ်ခြင်း
  • သတ်မှတ်လက်တွေ့လုပ်ငန်းစဉ်များပြီးမြောက်မှုစစ်ဆေးခြင်း
  • သင်ကြားရေးကာလ အပိုင်းအခြား ပြီးဆုံးချိန် စစ်ဆေးသည့် စာမေးပွဲများ
  • ပရောဂျက်လုပ်ဆောင်မှုနှင့် လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်းဆိုင်ရာ အကဲဖြတ်ခြင်း

အဆင့်သတ်မှတ်ချက်စနစ်

  •   ၈၁-၁၀၀ အဆင့် “က”
  • ၆၁-၈၀ အဆင့် “ခ”
  • ၄၁-၆၀ အဆင့် “ဂ”
  • ၂၁-၄၀ တန်း “ဃ”
  • ၀-၂၀ အဆင့် “င”

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ခဲ့ရမည်ဖြစ်ပြီး အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာပေါင်းရမှတ် အများအနည်းစီစဉ်၍ ကျောင်းမှလက်ခံနိုင်သည့် ကျောင်းသားဦးရေအထိ လက်ခံပါမည်။

ဒီပလိုမာ ရရှိပြီးနောက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ

သုတနည်းပညာ အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း ပြီးမြောက်အောင်မြင်ပါက ပရိုဂရမ်မာ၊ ကွန်ပျူတာကွန်ယက်ဆိုင်ရာ နည်းပညာရှင်နှင့် ဝက်ဘ်ဆိုက်ဖန်တီးရေးသားမှုဆိုင်ရာ လုပ်ငန်းခွင်များသို့ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။