မြို့ပြအင်ဂျင်နီယာ သင်တန်း

Civil Engineering

မြို့ပြအင်ဂျင်နီယာသင်တန်း

                  မြို့ပြအင်ဂျင်နီယာသင်တန်းတွင် ​ဆောက်လုပ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေး နည်းစနစ်များ၊ (သက်​ရောက် ဝန်နှင့်အားများဆိုင်ရာ)  ဖွဲ့စည်းတည်​ဆောက်ပုံ ၊ ခန့်မှန်းခြေ စာရင်း တွက်ချက်မှု ဘာသာရပ်၊ အခြေခံ သယ်ယူပို့ဆောင်ရေး ၊ မြို့ပြအင်ဂျင်နီယာပုံဆွဲဘာသာရပ်၊ မြို့ပြ အင်ဂျင်နီယာ ဆိုင်ရာ မြေတိုင်းဘာသာရပ်၊ သစ်သား အဆောက်အဦး၊ သံမဏိ အဆောက်အဦးနှင့် သံကူကွန်ကရိအဆောက်အဦးဆိုင်ရာ၊အခြေခံသီအိုရီများ၊  အလုပ်ရုံလက်တွေ့ဆိုင်ရာဘာသာရပ် တို့ဖြင့် ပြဌာန်း ဖွဲ့စည်းထားပါသည်။

ပထမနှစ် ​ကျောင်းသူကျောင်း သားများအ ​နေ ဖြင့် မြို့ပြအင်ဂျင်နီယာပုံဆွဲဘာသာရပ်၊ မြို့ပြတည် ဆောက်ရေး ဆိုင်ရာ ပစ္စည်းများ၊ mechanic of material ဘာသာရပ်နှင့် အလုပ်ရုံ လက်​တွေ့ ဘာသာရပ်များကို ​လေ့ လာသင်ယူရမည်ဖြစ်ပါသည်။

ဒုတိယနှစ်တွင် မြို့ပြအင်ဂျင်နီယာပုံဆွဲဘာသာရပ်၊ မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေး နည်းစနစ်များ၊ (သက်ရောက်ဝန်နှင့်အားများဆိုင်ရာ)  ဖွဲ့စည်းတည်ဆောက်ပုံ၊ fluid mechanics ၊ လမ်းနှင့်တံတားများ၊ အခြေခံမြေတိုင်းဘာသာရပ်များကို လေ့လာ သင်ယူ ရမည် ဖြစ်ပါ သည်။ ထို့အပြင် အလုပ်ရုံလက်တွေ့ လုပ်ငန်း ဆောင်ရွက်ခြင်းများလည်း ပြုလုပ်ရန်လိုအပ်ပါသည်။

တတိယနှစ် ကျောင်းသူကျောင်းသားများ အနေဖြင့် ခန့်မှန်းခြေစာရင်းတွက်ချက်မှုဘာသာရပ်၊ သစ်သား အဆောက်အဦး၊ သံမဏိအဆောက်အဦးနှင့် သံကူကွန်ကရိ အဆောက်အဦးဆိုင်ရာ အခြေခံ သီအိုရီများ၊ သံကူကွန်ကရိ အဆောက်အဦး အခြေခံဒီဇိုင်းထုတ်ခြင်း ဘာသာရပ်၊ ရထားလမ်းနှင့် ဆည်​  မြောင်း လုပ်ငန်း ဘာသာရပ်၊ ရေပေးဝေရေးနှင့် ရေဆိုးစွန့်ပစ်မှုစနစ် ဘာသာရပ်၊ မြို့ပြအင်ဂျင်နီယာ ပုံဆွဲဘာသာရပ်၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ မြေတိုင်း ဘာသာရပ်၊ သီအိုဒိုလိုက်နှင့် အခြေခံ တိုတယ်စတေရှင် တိုင်းတာရေး၊အလုပ်ရုံ လက်တွေ့ လုပ်ငန်း ဆောင်ရွက်ခြင်းများ  စသည်တို့ကို လေ့လာ သင်ယူနိုင်ပါသည်။ A.G.T.I ဒီပလိုမာ ရရှိရန် လက်တွေ့ကျွမ်းကျင်မှု အတွက် အလုပ်ရုံများသို့ ကွင်းဆင်း လေ့ကျင့်ခြင်း (၃လ) သွားရောက်ရမည် ဖြစ်ပါသည်။

သင်တန်းကာလ (၃)နှစ်

No.YearSubjectCode
1A.G.T.I Year IMyanmar
Ma11011
English
E-11011
Mathematics
M-11011
Engineering Science
ES-11011
Engineering Mechanics
ME-11015
Civil Engineering Drawing
CE-11011
Building Materials and Construction
CE-11012
Workshop Practices CE-11019
No.YearSubjectCode
2A.G.T.I Year IIEnglish
E-21011
Mathematics
M-21011
Structure
CE- 21013
Building Materials and Construction
CE-21012
Elementary Surveying
CE- 21011
Road & Bridge
E- 21017 ~22027
Fluid Mechanics
CE- 21016
Civil Engineering Drawing
CE-21012
Workshop Practices CE-21019
No.YearSubjectCode
3A.G.T.I Year IIIEnglish
E-31011
Fundamentals of Timber, Steel and Concrete Structure
CE – 31014
Building Service
CE-31018
Elementary Surveying
CE – 31021
Irrigation & Railway
CE- 30026 ~31017
Estimating and Specification
CE – 31022
Reinforced Concrete
CE-31024
Civil Engineering Drawing
CE-31012
Workshop Practices CE-21019

အတန်းချိန်            

တစ်ပတ် လျှင် ၃၅ နာရီ၊ တစ်နှစ် လျှင် ရက်သတ္တပတ် (၃၀)

အကဲဖြတ်ခြင်း နည်းလမ်းများ

လက်တွေ့ စာမေးပွဲများ၊ ပညာသင်ကာလစာမေးပွဲများ၊  လက်တွေ့ လုပ်ငန်း ဆောင်ရွက်ခြင်းများ နှင့် အလုပ်ရုံများသို့  လက်တွေ့ ကွင်းဆင်း လေ့ကျင့်ခြင်းများ။

အဆင့်သတ်မှတ်ချက်စနစ်

  •   ၈၁-၁၀၀ အဆင့်“ က”
  • ၆၁-၈၀ အဆင့်“ ခ”
  • ၄၁-၆၀ အဆင့်“ ဂ”
  • ၂၁-၄၀ တန်း“ ဃ”
  • ၀-၂၀ အဆင့်“ င”

ဝင်ခွင့်ပြုချက်၊ လိုအပ်ချက်အသေးစိတ်

တက္ကသိုလ်၀င်တန်း စာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး အင်္ဂ လိပ်နှင့် သင်္ချာဘာသာ နှစ်ခုပေါင်းရမှတ်များမှာ ကောင်းမွန်ရပါမည်။

ဒီပလိုမာ ရရှိပြီးနောက်အလုပ်အကိုင် အခွင့်အလမ်း

A.G.T.I (CIVIL) ဒီပလိုမာ ရရှိပြီးနောက် ဆောက်လုပ်ရေးအင်ဂျင်နီယာ၊မြေတိုင်းအင်ဂျင်နီယာ၊ အရည်အသွေးထိန်းအင်ဂျင်နီယာနှင့် လုပ်ငန်းခွင် စစ်ဆေးရေး အင်ဂျင်နီယာအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ပါသည်။