Industrial Training အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း

(၂၀၂၂-၂၀၂၃၊ ဇွန်) ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ Industrial Training အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို (၂၂.၅.၂၀၂၃) ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူး၊ School of Engineering နှင့် သင်ကြားရေးဌာနများမှ ဌာနမှူးများ တက်ရောက်ခဲ့ပါသည်။

မီးဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်မှု

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် မီးသတ်ဦးစီးဌာန(အင်းစိန်)တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသင်တန်းကို (၉.၃.၂၀၂၂) ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသင်တန်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ရှိ ဌာနတစ်ခုလျှင် ဝန်ထမ်းတစ်ဦးစီ တက်ရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သင်ခန်းစာများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားခဲ့သည်။

(၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ဒုတိယနှစ်၊ ဒုတိယနှစ်ဝက် စာမေးပွဲအချိန်ဇယား

(၂၀၁၉-၂၀၂၀) ဒုတိယနှစ် ဒုတိယနှစ်ဝက် စာမေးပွဲ အချိန်ဇယားDownload (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ အေဂျီတီအိုင် ဒုတိယနှစ် ဒုတိယနှစ်ဝက် စာမေးပွဲ အချိန်ဇယားများကို ထုတ်ပြန်ကြေညာလိုက်သည်။ စာမေးပွဲ အချိန်ဇယားအား ဒေါင်းလုဒ် ရယူနိုင်ပါသည်။

ကျောင်း အုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား

ဦးမြတ်ကိုညွှန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီးM.E (Electronics) ၁၈၉၅ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏  ပထမဆုံးနည်းပညာကျောင်းဖြစ်သော အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)ကို  ရောက်လာသည့်သူများအားလုံးကို ကြိုဆိုခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုပါသည်ခင်ဗျာ။ စာသင်နှစ်တစ်နှစ်ချင်းစီတွင် ကျောင်းသားများသည် ကျွန်တော်တို့ကျောင်းတွင်တက်ရောက်ရန် ‌ရွေးချယ်ပြီး ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ရရှိ သည့်အတွက်လည်း ဂုဏ်ယူကျေနပ်မိပါသည်။ ကျွန်ုပ်တို့၏ GTI(Insein)သည်...