အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်း ဝါဆိုသင်္ဃန်းဆက်ကပ်ခြင်း

Views: 228
0 0

၁၃၈၁ ခုနှစ် ဝါဆိုလဆန်း(၉)ရက်၊ခရစ်နှစ် ၂၀၁၉ခုနှစ်၊ ဇူလိုင်(၁၀ရက်) နံနက် ၁၀နာရီတွင် ဝါဆိုသင်္ဃန်း ဆက်ကပ်ခြင်း အခမ်းအနားကို ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ ကျောင်းသား ကျောင်းသူများ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်၍ ဝါဆိုသင်္ဃန်း ဆက်ကပ် လှူဒါန်းခဲ့ ကြပါသည်။အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး မင်္ဂလာသီရိ ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှအသင်း ကျောင်းအုပ်ဆရာကြီး ဆရာဆရာမများ ကျောင်းသား ကျောင်းသူများ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပါသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် ပရိတ် တရားတော်များ ဟောကြားတော် မူခဲ့ပြီး ဆရာကြီးဆရာမကြီးများနှင့် အလုပ်အမှုဆောင်များကဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ယင်းနောက် တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက မင်္ဂလသိရိ ပရိယတ္တိစာတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာ ကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ကျောင်းအုပ်ဆရာကြီး ဆရာဆရာမများကျောင်းသားကျောင်းသူများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်